Who we are
Suggested text: Our website address is: https://editor.csoacademymm.org.
ဤပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံရေးဆိုင်မူဝါဒသည် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အွန်လိုင်းပေါ် မည်သိုအသုံးချသည်ကို စိုးရိမ်နေသည့် အသုံးပြုသူများအတွက် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သည်။ အသုံးပြုသူကိုယ်ရေးကိုယ်တာအချက်အလက်များသည် အချက်အလက် တခုတည်းဖြစ်စေ၊ အခြားအချက်အလက်များဖြင့် ပေါင်းစပ်၍ဖြစ်စေ အသုံးပြုသူမည်သူမည်ဝါဖြစ်ကြောင်း၊ အသုံးပြုသူ၏ နောက်ခံအခြေအနေများကို စိစစ်ရာတွင် ဆက်သွယ်ရာတွင်၊ ရှာဖွေရာတွင် အသုံးပြုနိုင်သော အချက်အလက်များဖြစ်ပါသည်။ CSO Academy အနေဖြင့် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အဖွဲအစည်း စည်းမျဥ်းစည်းကမ်းနှင့်အညီ ဘယ်လိုကောက်ခံလဲ၊ ဘယ်လိုအသုံးပြုလဲ၊ ဘယ်လိုကာကွယ်ထားလဲ သိုမဟုတ် ဘယ်လိုကိုင်တွယ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ရန် ကျွန်ုပ်တို၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒကို ကျေးဇူးပြုပြီး ဖတ်ပေးပါရန်။ သတိပြုရမည်မှာ ၎င်းမူဝါဒသည် CSO Academy က ဆောင်ရွက်နေသော ပရိုဂရမ်အားလုံးအပြင် ဝန်ဆောင်မှုများအားလုံးအထိ အကျုံးဝင်ပါသည်။ CSO Academy ၏ ပရိုဂရမ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုနေစဥ် ကာလတစ်လျောက်လုံး သင့်အနေဖြင့် ဤမူဝါဒကို လက်ခံပြီးဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် မှတ်ယူပါမည်။
ကျွန်ုပ်တိုသည် ကျွန်ုပ်တို၏ ဘလော့၊ ဝက်ဆိုက် သိုမဟုတ် အပလီကေးရှင်းသို အလည်ဝင်ရောက်သူတွေဆီက ဘယ်လိုပုဂ္ဂိုလ်ရေးအချက်အလက်တွေ ကောက်ခံပါသလဲ?
ကျွန်ုပ်တိုအနေဖြင့် ကျွန်ုပ်တို၏ အထက်ဖော်ပြပါ နေရာဆီသို အလည်ဝင်ရောက်သူတွေဆီက မည်သည့်ပုဂ္ဂိုလ်ရေးအချက်အလက်မှ ကောက်ယူခြင်းမရှိပါ။
ဘယ်အချိန်မှာ ကျွန်ုပ်တိုအနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကောက်ယူသလဲ?
ကျွန်ုပ်တိုသည် ပုဂ္ဂိုလ်ရေးအချက်အလက်များကို အသုံးပြုသူအနေနဲ့ သတင်းလွှာ သိုမဟုတ် တခြားလုပ်ငန်းဆောင်တာတွေအတွက် သတ်မှတ်ထားသော လျှောက်လွှာတင်သည့်အခါ အသုံးပြုသူပေးပိုလာသော သတင်းအချက်အလက်များကိုသာ ကောက်ခံသိမ်းဆည်းခြင်းပြုပါသည်။
ကျွန်ုပ်တိုထံပေးပိုရမည့် အချက်အလက်များ
ပရိုဂရမ်စာရင်းပေးသွင်းခြင်း/လျှောက်လွှာသတင်းအချက်အလက်များ CSO Academy သို ပရိုဂရမ်စာရင်းပေးသွင်းခြင်း၊ လျှောက်လွှာတင်ခြင်းအတွက် လိုအပ်သည့်အချိန် ကျွန်ုပ်တိုအနေဖြင့် အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက် နာမည်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာအပြင် တခြားလိုအပ်နိုင်သည့်အချက်အလက်များ၊ ဓာတ်ပုံများ၊ အလုပ်အကိုင်နှင့် လှုပ်ရှားဆောင်ရွက်မှု၊ရွေးချယ်မူများကဲ့သိုသော အချက်အလက်များကိုသာ ကောက်ယူခြင်းပြုပါသည်။
ကောက်ယူထားသော အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဘယ်လိုအသုံးပြုပါသလဲ?
ကျွန်ုပ်တိုအနေဖြင့် ကောက်ယူထားသောဒေတာအချက်အလက်များကို ကန့်သတ်ထားသောရည်ရွယ်ချက် များအတွက်သာ အသုံးချပြီး တခြားမည့်သည့်တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိသော ပြင်ပလူပုဂ္ဂိုလ်များ၊ အဖွဲအစည်းများထံ မျှဝေခြင်းမပြုပါ။
❖ဆယ်သွယ်သတင်းပေးပိုခြင်း
ကျွန်ုပ်တိုအနေဖြင့်ကောက်ယူထားသောဒေတာအချက်အလက်များကို သတင်းလွှာများပေးပိုခြင်း သိုမဟုတ် အလုပ်ရုံဆွေးနွေးပွဲများနှင့်ပတ်သက်သည့် သတင်းပေးပိုခြင်းအပြင် တခြားတွေ့ဆုံပွဲ များ၊ CSO Academy နှင့်ပတ်သက်သော လှုပ်ရှားဆောင်ရွက်မူ သတင်းပေးပိုခြင်းဆောင်ရွက်ရာ တွင် အသုံးပြုပါသည် (အသုံးပြုသူအနေနဲ့ ၎င်းသတင်းအချက်အလက်များကိုပေးပိုရန် ရွေးချယ်ထားခြင်းရှိမှသာပေးပိုပါသည်)။ ကျွန်ုပ်တိုအနေဖြင့် CSO Academy နှင့်ပတ်သက်သော အကြောင်းအရာများ သိုမဟုတ် ဝက်ဆိုက်နှင့်ပတ်သက်သော အခြေအနေများကို အီးမေးလ်ဖြင့် အကြောင်းကြားခြင်း ကဲ့သိုသော လုပ်ငန်းဆောင်တာများအတွက်လည်း အသုံးပြုနိုင်ပါသည်။
❖စဥ်ဆက်မပြတ်ပြုပြင်မွမ်းမံခြင်း
လူမူအသိုင်းအဝိုင်းအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော လိုအပ်ချက်များ၊ လိုအင်များနှင့် စိတ်ဝင်စားများကို ထိတွေ့နားလည်ရန်။
အသုံးပြုသူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဘယ်လိုကာကွယ်ထားသလဲ?
ကျွန်ုပ်တိုအနေနဲ့ ဆောင်းပါးများနှင့် သတင်းအချက်အလက်များပေးပိုခြင်းမျှသာ ပြုလုပ်ပြီး ဘဏ်ကဒ်နံပါတ်နှင့် ငွေကြေးအချက်လက်ဆိုင်ရာများ တောင်းဆိုခြင်းမပြုလုပ်ပါ။
ကျွန်ုပ်တိုအနေနဲ့ ကွတ်ကီးစ် (cookies) အသုံးပြုပါသလား?
ခြေရာခံခြင်းရည်ရွယ်ချက်အတွက် ကျွန်ုပ်တိုသည် ကွတ်ကီးစ်များကို အသုံးမပြုပါ။ ကျွန်ုပ်တို့၏ Cookies အသုံးပြုမှုဆိုင်ရာ မူဝါဒကို ဤနေရာတွင် သွားရောက်လေ့လာနိုင်ပါသည်။ ကွတ်ကီးစ်တစ်ခုပို့လိုက်တိုင်း သင့်ကွန်ပျူတာက သင့်ကိုသတိပေးရန် သိုမဟုတ် ကွတ်ကီးစ်အားလုံးကို ပိတ်ရန် ရွေးချယ်နိုင်သည်။ သင့်ဘရောက်ဆာဆက်တင် (Browser Setting) များမှတစ်ဆင့် ၎င်းကို လုပ်ဆောင်နိုင်သည်။ ဘရောက်ဆာသည် အနည်းငယ်ကွဲပြားသောကြောင့် သင့်ကွတ်ကီးစ်များကို ပြုပြင်ရန်အတွက် မှန်ကန်သောနည်းလမ်းကို လေ့လာရန် ဘရောက်ဆာ၏ Help Menu ကိုကြည့်ရှုစေလိုပါသည်။
ပြင်ပအဖွဲအစည်းထံ ထုတ်ဖော်ပြောဆိုခြင်း
ကျွန်ုပ်တိုသည် အသုံးပြုသူ မည်သူမည်ဝါဖြစ်ကြောင်း စိစစ်နိုင်သော ပုဂ္ဂိုလ်ရေး အချက်အလက်များကို ပြင်ပလူပုဂ္ဂိုလ်၊အဖွဲအစည်းများသို ရောင်းချခြင်း၊ ရောင်းဝယ်ခြင်း သိုမဟုတ် အခြားနည်းဖြင့် လွှပြောင်းခြင်းမပြုပါ။
အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (GDPR)
၂၀၁၈ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ပြဌာန်ထားသော အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (GDPR) ဖြင့်၊ CSO Academy သည် ၎င်း၏ သင်တန်းနယ်ပယ်အားလုံးတွင် ဥပဒေ၏ရည်ရွယ်ချက်နှင့် အနှစ်သာရကို တင်းကြပ်စွာလိုက်နာပါသည်။
ကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒကို ပြုပြင်ပြောင်းလဲခြင်း
ဤကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒကို ကျွန်ုပ်တို့၏ CSO Academy တွင် ပြုပြင်ပြောင်းလဲမှုပြုလုပ်သည့်အခါတိုင်း အခါအားလျော်စွာ ပြောင်းလဲခြင်း ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုပြင်ပြောင်းမှုပြုလုပ်ပြီးသည့်အခါတိုင်း သင့်အနေဖြင့် ဤကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒကို ဝင်ရောက်ဖတ်ရှုနိုင်ရန် အသိပေးပါမည်။ CSO Academy ၏ ပရိုဂရမ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုနေစဥ် ကာလတစ်လျောက်လုံး သင့်အနေဖြင့် ဤမူဝါဒကို လက်ခံပြီးဖြစ်သည်ဟု ကျွန်ုပ်တို့အနေဖြင့် မှတ်ယူပါမည်။ ဤကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒကို ၁၆ ဖေဖော်ဝါရီလ ၂၀၂၄ ရက်နေ့တွင် နောက်ဆုံးအနေဖြင့် ပြုပြင်ထားပါသည်။
ကျွန်ုပ်တိုကို ဆက်သွယ်ခြင်း
ဤကိုယ်ရေးကိုယ်တာမူဝါဒနှင့်ပတ်သက်သည့် မေးခွန်းများရှိပါကinfo@csoacademymm.orgမှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
